ထန်းရည်ချို အပိုင်း(၁) အလည်တ‌စ်ခေါက်

ပီတိတစ်ယောက် အဝေးပြေး express ကားပေါ်တွင်ကားမှန်ကိုမှီရင်း တညလုံးအိပ်လိုက်လာရာမှ မှန်မှတဆင့်ဝင်လာသောမနက်ခင်းနေရောင်ကြောင့်မျက်စိကျိမ်းကာလန့်နိုးလာရသည်။ "ဝှါးးး မိုးတောင်လင်းနေပြီပဲ" ပတ်ဝန်းကျင်သည် မိမိနေထိုင်သော ရန်ကုန်မြို့နှင့် များစွာကွာခြားနေသည်။ အညောင်းဆန့်ရင်း ဘေးခုံမှ ဦးလေးဝမ်းကွဲ ဖြစ်သူကိုကြည့်တော့ နိုးနှင့်နေပြီဖြစ်သည်။ "ရောက်တော့မှာလား လေးလေး" ‌အဒေါ်ဝမ်းကွဲ၏ယောက်ျားဖြစ်သော်လည်း လေးလေးဟုသာခေါ်သည်မှာနှုတ်ကျိုးနေပြီဖြစ်သည်။ "အေး ရောက်ခါနီးပြီကွ" ပီတိ ၁၀တန်းစာမေးပွဲပြီး ကျောင်းပိတ်ရက်ရှည်ရသဖြင့် အဖိုးအဖွားများရှိရာ အညာဒေသသို့ ရန်ကုန်သို့အလည်လာသော ဦးလေးဝမ်းကွဲဖြစ်သူအပြန် အလည်အပတ်လိုက်လာခြင်းဖြစ်သည်။ကားမှန်မှ တဆင့်ကြည့်လိုက်တော့ လယ်ကွင်းကျယ်ကြီးများဆီမှာ ထန်းပင်ရှည်များကအစီအရီနှင့်။ကားလမ်းဘေးတဖက်တချက်ဆီမှာတော့ ထနောင်းပင်ကြီးများနှင့်။လှည်းလမ်းကြောင်းတလျောက်လှည်းဖြတ်သွားလျှင် ထောင်းထောင်းထသွားသော ဖုန်လုံးကြီးများနှင့်။နေထွက်လာသည်နှင့် ပူအိုက်လာသော ရာသီဥတုနှင့်။တကယ့်ကို ပူပြင်းခြောက်သွေ့သော အညာဒေသပင်။အရာရာတိုင်းသည် ရန်ကုန်သားပီတိအတွက် အသစ်အဆန်းဖြစ်နေသည်။ရွာရောက်လျှင်လည်း နောက်ထပ်အသစ်အဆန်းအများအပြားကြုံရလိမ့်ဦးမည်။ ပီတိတို့ စီးလာသော Expressကားကြီးသည် ကားဝန်းအတွင်းသို့ အရှိန်လျှော့ကာ ဝင်လာပြီးနောက် သက်ဆိုင်ရာကားကိတ်တွင်ရပ်လိုက်သည်။ ကားဝန်းထဲတွင် expressကားကြီးများ ခရီးသည်များ လာကြိုကြသည့် ဆိုင်ကယ်များဖြင့်ရှုပ်ရှက်ခတ်နေသည်။ ပီတိတို့ ကားပေါ်က ဆင်းလိုက်သည်နှင့် ကားအောက်တွင် ‌အသင့်စောင့်နေသော လူတစ်စုက သူ့ထက်ငါအပြိုင် ကယ်ရီငှားရန် ခရီးသည်လုနေကြသည်။ လေးလေးက ဘာမှပြန်မပြောသော်လည်း ပီတိကတော့ မငှားသေးဘူးဗျ ဟုအထပ်ထပ်ပြောနေရသည်။ "လေးလေးတို့ကို ဆိုင်ကယ်အကြို လွှတ်ထားတယ်တဲ့ ဒီကနေ စပြီး ရွာအထိ ဆိုင်ကယ်စီးရမှာ" ကိုမျိုးလင်းတစ်ယောက် မိန်းမ၏တူဝမ်းကွဲဖြစ်သူကို ရွာအလည်ခေါ်လာရင်း ကားဝန်းအရောက် ရွာသို့မည်သို့သွားရမည်ကို ပြောပြနေခြင်းဖြစ်သည်။ "ဟော ပြောရင်းဆိုင်း ဟိုမှာတွေ့ပြီ" ကိုမျိုးလင်း ညွှန်ပြရာဆီ ပီတိကြည့်မိတော့ အသက်အဆိတ်အရွယ် ယောင်္ကျားလေးတစ်ယောက် ဆိုင်ကယ်တစ်စီးနှင့်သူတို့နှစ်ယောက်ဆီကြည့်နေသည်ကိုတွေ့ရသည်။ ပုဆိုးနွမ်းနွမ်းကို ခပ်တိုတိုဝတ်ထားပြီး စွပ်ကျယ်အင်္ကျီပေါ်မှလက်ရှည်ထပ်ဝတ်ထားသည်။ဆိုင်ကယ်စီးဦးထုပ်ဆောင်းထားသဖြင့် ရုပ်ကိုသေချာမမြင်ရသော်လည်း ထိုယောက်ျားပုံစံမှာအညာသားပီပီ တောင့်တောင့်တင်းတင်းရှိလှသည်။ပီတိတစ်ယောက် ထိုသူကိုမြင်မြင်ချင်း တံတွေးမျိုချမိလိုက်သေးသည်။ ပီတိ ကိုဆိုင်ကယ်အလယ်က ထိုင်စေပြီး ထိုယောက်ျားက ဆိုင်ကယ်မောင်းသည်။ပီတိ ‌လေးလေးကနောက်ကထိုင်သည်။ယောင်္ကျားလေးနှစ်ယောက်တည်းဖြစ်သည်မို့ အထုပ်အပိုးကမများလှ။ထို့ကြောင့် ဆိုင်ကယ်တစ်စီးက လူသုံးယောက်လောက်ငှစေသည်။သို့သော် ဆိုင်ကယ်တစ်စီးတည်း လူသုံးယောက်စီးရသောကြောင့် ကျပ်ကျပ်တည်းတည်းနိုင်လှသည်။ပီတိမျက်နှာနှင့်ထိုသူ၏ကျောပြင်ကျယ်က ကပ်လျက်ရှိသောကြောင့် ထိုသူထံမှ ယောင်္ကျားဆန်သော အနံ့တစ်မျိုးရသည်။နံနေခြင်း မွှေးနေခြင်းမျိုးမဟုတ်ပဲ စွဲမက်စရာကောင်းခြင်းမျိုး။ ထိုသူ၏ခါးကိုသိုင်းဖက်ထားသောကြောင့် ချပ်ရပ်နေသောဗိုက်မှ ကြွက်သားအဖုအထစ်များကိုလည်း ပီတိ စမ်းမိသည်။ပီတိယခုလို သူစိမ်းယောက်ျားလေးများနှင့် နီးနီးကပ်ကပ်မနေခဲ့ဖူး။အတွေ့အကြုံအသစ်က ပီတိကို စိတ်ကျေနပ်စေသလို။ ကတ္တာရာလမ်းမှ မြေလမ်း ထိုမှတဆင့် လယ်ကွင်းများနှင့် ထန်းတောများကိုဖြတ်မောင်းအပြီး ပီတိတို့ရွာသို့ရောက်ပြီဖြစ်သည်။ဆိုင်ကယ်လေးသည် တအိအိနှင့် အိမ်တစ်အိမ်ထဲသို့ မောင်းဝင်သွားသည်။ထိုအိမ်ကား ပီတိအဖိုးအဖွားအိမ်ပင်ဖြစ်သည်။နှစ်ထပ် သစ်သားအိမ်ဖြစ်ပြီး အောက်ထပ်က အခန်းတစ်ခန်းစာသာ အကာအရံရှိသည်။ထိုနေရာကအိပ်ခန်းဖြစ်ဟန်တူသည်။ ကျန်နေရာများက တန်းလျား အရှည်များချထားပြီး လေးထောင့်စားပွဲကြီးကြီးတစ်လုံးလည်းရှိသည်။အကာအရံကောင်းကောင်းမရှိ။စားပွဲပေါ်တွင်တော့ ကွမ်းအစ်နှင့်ဆေးလိပ်ပြာခွက်ကိုတည်ထားသည်။ လှေကားက အိမ်ဘေးမှ တက်ရပြီး အိမ်ပေါ်ထပ်ကတော့ ပျဉ်အကာနှင့် လုံလုံခြုံခြုံရှိသည်။ခြံဝန်းကျယ်ကြီးထဲတွင် ထိုအိမ်မကြီး နွားတဲ စပါးကျီ မီးဖိုချောင် အိမ်သာ စသည်ဖြင့် တနေရာစီရှိနေသည်။ထိုသို့ သီးခြားဆောက်ကြသည်မှာ ထိုဒေသ၏ဓလေ့ဖြစ်လိမ့်မည်။တစ်ရွာလုံးကအိမ်တိုင်း ထိုပုံစံအတိုင်းဖြစ်သည်။အမြင်စူးရှသော ပီတိတစ်ယောက် ရွာထဲဝင်သည်နှင့် ထိုအရာကို ပထမဆုံးသတိထားမိသည်။နောက် သတိထားမိသည်က အရွယ်ကောင်းသည့် ယောင်္ကျားသားတိုင်းလိုလို အသားညိုညို ထောင်ထောင်မောင်းမောင်းနှင့် တောင့်တောင့်ဖြောင့်ဖြောင့်ဖြစ်နေကြခြင်းဖြစ်သည်။ထိုအရာကိုအညာသားဟုခေါ်လေသလား။ ဆိုင်ကယ်ရပ်သည်နှင့် ပီတိအဖွားဖြစ်သူက ဆေးပေါ့လိပ်ဖွာနေရင်းမှ ပြေးထွက်ကာ ကြိုသည်။ "အောင်မလေး ငါ့မြေးလေး ထွားလာလိုက်တာ အသားတွေကိုဖွေးလို့" ပီတိအသားအရောင်က ထိုအရပ်တွင်တော့ ထူးကာဖွေးနေလိမ့်မည်။ "အရီးလေးမြေးကို အပ်ခဲ့ပြီနော် ကျုပ်သွားတော့မယ်" "ဟဲ့ မင်းကလည်း ထိုင်တောင် မထိုင်တော့ဘူးလား" "မထိုင်တော့ဘူး အရီးလေး ကျုပ်ခရီးပန်းလာလို့" "ငါ့တူမ ကိစ္စကရော" "အရီးလေး တူမက ကျုပ်နဲ့မပေါင်းနိုင်တော့ဘူးတဲ့ ကျုပ်လည်းမတတ်နိုင်ဘူး" "တကယ်တည်းမှာပဲ မင်းတို့လင်မယားကလည်း" ကိုမျိုးလင်းတစ်ယောက် ဘာမှ ပြန်မပြောတော့ဘဲလက်ပြကာ ခြံထဲမှထွက်သွားပြီဖြစ်သည်။ "လာလာ ငါ့မြေးလေးခရီးပန်းလာရောပေါ့" "မပန်းပါဘူး အဖွားရယ် သားကယောင်္ကျားလေးပဲဟာ" "ဟုတ်ပါပြီ ဟုတ်ပါပြီ" "မောင်ရဲထက်ရေ ငါ့မြေးအိတ်တွေ အိမ်ပေါ်ထပ်တင်ပေးပါဦးကွယ်" "ဟုတ်ကဲ့ အရီးလှ"' မြေးအဖွားနှစ်ယောက် စကားတပြောပြောနှင့်အိမ်ထဲဝင်သွားပြီဖြစ်သည်။ရဲထက် ကတော့ ဆိုင်ကယ်သိမ်းကာ အဝတ်အိတ်ကို အိမ်ပေါ်ထပ်သွားတင်ပေးနေသည်။ "ဪ သူ့နာမည်က ရဲထက်တဲ့လား" ပီတိအိမ်ထဲရောက်တော့ တန်းလျားပေါ်တွင် အဖိုးဖြစ်သူကိုတွေ့ရသည်။ "အဖိုးနေကောင်းတယ်နော်" ‌"ကောင်းပါ့ဗျာ။ငါ့မြေးရော ဆယ်တန်းစာမေးပွဲ ဖြေနိုင်လား" "ဖြေနိုင်ပါတယ် အဖိုး" "အဖွားမြေးကိုကြည့်ပါဦး ရန်ကုန်သားကြီးမို့လားမသိဘူး ချောလာလိုက်တာ ဖြူဖွေးနုဖတ်နေတာပဲ" ပီတိကယောင်္ကျားလေးဖြစ်သော်လည်း ငယ်စဉ်ကတည်းက တယုတယ ဂရုစိုက်ခံရကာ ကြီးပြင်းလာရသောကြောင့် တခြားယောင်္ကျားလေးများနှင့်မတူနုနုနယ်နယ် ရှိလှသည်။ "အဖွားကလည်း ဒါတောင် ရေမချိုးရသေးဘူးနော်" ပီတိ အရွှမ်းဖောက်တော့ အဖိုးရောအဖွားပါ တဟားဟားရယ်တော့သည်။ "ငါ့မြေး ဆာနေရောပေါ့ ထမင်းစားမလား အဖွားခူးပေးမယ်" "သား ရေအရင်ချိုးချင်တယ် အဖွား" "ဪ အေးအေး နောက်ဖေးမှာ ကျောက်ခွက်ရှိတယ်။ရေလိုရင် ရေတိုင်ကိုဖွင့်လိုက်သား" ပီတိတို့ရွာက လျှပ်စစ်မီးမရသေးသော်လည်း ရွာဦးကကျောင်းမှ ရေတွင်းကတစ်ရွာလုံးကိုရေပေးနိုင်သည်။မီးကတော့ ဆိုလာမီးနှင့်သာ တစ်ရွာလုံးသုံးကြရသည်။ ပီတိရေချိုးရင်း ဘေးကပ်ရပ်ကခြံကို ကြည့်မိသည်။နှစ်ခြံကြား ခြံစည်းရိုးကရှိတယ်ဆိုရုံသာ။တချို့နေရာများတွင် တိုင်သာရှိတော့သည်။အကာအရံမရှိ‌တော့။ ဟိုဘက်ခြံ ဒီဘက်ခြံ အကုန်မြင်နေရပြီး ကူးဖြတ်သွားလို့လည်းရသည်။ဟိုဘက်ခြံမှအိမ်ကြီးက မှောင်မဲကာခြောက်ကပ်နေသည်။ခြံထဲမှာလည်း သစ်ရွက်အမှိုက်များဖြင့်ပွလျက်။နွားတင်းကုတ်တွင်တော့ နွားနှစ်ကောင် အစာစားနေကြသည်။ ကျောက်ခွက်တွင်ယောင်္ကျားကြီးတစ်ယောက်မျက်နှာသစ်နေသည်ကို တွေ့ရသည်။တကယ်ဆိုလျှင် နေမြင့်နေပြီဖြစ်သည်။ထိုလူ အိပ်ရာထနောက်ကျနေခြင်းဖြစ်လိမ့်မည်။ညဘက် ဘာတွေလုပ်လို့လည်းတော့ မသိ။ပီတိ တွေးမိတွေးရာ တွေးနေခြင်းဖြစ်သည်။ ထိုသူ့ပုံစံက အသက် ၃၅အရွယ် အသားညိုညိုစိုစို ထောင်ထောင်မောင်းမောင်းနှင့်ဖြစ်သည်။စွပ်ကျယ် လက်ပြတ်ဝတ်ထားသောကြောင့် လက်မောင်းကြွက်သားများကို မြင်ရသည်။လက်ဖျံကြွက်သားများကလည်း တောင့်တောင့်တင်းတင်းနှင့်။မျက်နှာကို လက်ဝါးဖြင့်ပွတ်လိုက်တိုင်း လှုပ်နေသောလက်မောင်းကြွက်သားများက ပီတိအတွက်အသည်းယား စရာပင်ကောင်းနေသည်။ထိုသူကမျက်နှာသစ်ပြီး ဂုတ်ကို လက်ဝါးဖြင့်ပုတ်ပြီး‌နောက် ခွက်ကို ချကာဝတ်ထားသော စွပ်ကျယ်ကို ခါးမှနေ၍မြှောက်ချွတ်လိုက်ချိန် မြင်ရသော ထိုသူ၏ခန္ဓာကိုယ်ကို ပီတိငေးမောသွားမိသည်။ကားနေသော ရင်အုပ်ကျယ်ကျယ် အောက်မှာ ဗိုက်ကြွက်သားများက သူ့နေရာနှင့်သူ ကြည့်ကောင်းလှသည်။ကျစ်လစ်သည်ထက် ထွားကြိုင်းသော ခန္ဓာကိုယ်မျိုး။လယ်သမားတွေအတွက်တော့ တောင်ယာလုပ်ရခြင်းက အထူးအလည်ဂျင်ဆော့ စရာမလိုဘဲ ဘော်ဒီကို ကြည့်ကောင်းစေသည်လား။ ထို့နောက် ထိုသူလည်း ရေစချိုးတော့သည်။ဝတ်ထားသော ပုဆိုးတိုတိုကိုရေစိုသောကြောင့် အသားမှာကပ်သွားပြီး ပေါင်နှစ်ချောင်းကြားမှ ညီဘွားကဖောင်းကနဲပေါ်လာသည်။မတောင်သေးတဲ့ အခြေအနေမှာတောင်သ‌ကောင့်သားကအမြောင်းလိုက်ထင်းနေသည်။နေရောင်အောက်မှာ ရေစိုနေသော ဘော်ဒီပြောင်ပြောင်တင်းတင်းနှင့် ရေစိုပုဆိုးအောက်က ငယ်ပါအမြောင်းလိုက်တို့က ပီတိကို အကြည့်မခွာ‌နိုင်အောင် ဆွဲဆောင်နေသည်။ခဏအကြာတွင် ပီတိကြည့်နေသည်ကို ထိုသူရိပ်မိသွားပုံရသည်။ပီတိဘက်ကိုလှည့်ကာ မိမိ၏ကြွက်သားအဖုအထစ်များကိုပွတ်သပ်ရင်းဟန်ပါပါ ဆပ်ပြာတိုက်ပြနေသည်။ပုဆိုးကို ပေါင်ရင်းထိမတင်ပြီး ရေညှစ်လိုက်ချိန် ပေါ်သွားသည့် ပေါင်ကြွက်သားများက ပီတိကို အာခေါင်ခြောက်စေသည်။ပေါင်လုံးကြီးတွေက တောင့်တင်းနေတာဘဲ ဟူသော အတွေးဖြင့် ပီတိတံတွေးမြိုချလိုက်မသေး သည်။ ‌"မြေးရေ ရေချိုးတာကြာလှချည်လား အပူရှပ်ဦးမယ်" အဘွား၏အော်ပြောသံကိုကြားမှ ပီတိတစ်ယောက်သတိပြန်ဝင်လာပြီး မိမိလည်း ရေချိုးနေသည်ကို အမှတ်ရကာ ခပ်သွက်သွက်‌ရေလောင်းပြီး အိမ်ထဲပြန်ဝင်ခဲ့လေတော့သည်။
--------------------------------------- အမှောင်ထုသည် လောကတခွင်လုံးကိုကြီးစိုးနေပြီဖြစ်သည်။လျှပ်စစ်မီးမရသေးသော ပီတိတို့ရွာလေးကတော့ ဟိုတစ်ပြောက် ဒီတ‌စ်ပြောက်မီးလုံးမှိန်ကုတ်ကုတ်များဖြင့် တရွာလုံးမှောင်မဲ နေပြီဖြစ်သည်။အိပ်ရာထဲတွင်တော့ ဟိုဘက်ဒီဘက်လူးလှိမ့်ရင်း ပီတိတစ်ယောက်အိပ်မပျော်နိုင်ဖြစ်နေသည်။အိပ်ရာအပြောင်းအလဲကြောင့်လား။ပူအိုက်လွန်းသော အညာဒေသ၏ရာသီဥတုနှင့် အသားမကျသေးသည်ကြောင့်လားတော့မသိပါ။မိမိအိပ်နေသောအခန်းထဲမှာပါမက အိမ်ပေါ်ထပ်တစ်ထပ်လုံးမှာပါ မိမိတစ်‌ယောက်တည်း။ဖုန်းကိုထုတ်ကြည့်တော့ ည၁၀နာရီထိုးနေပြီဖြစ်သည်။အိပ်မရသည့်အတွက် facebookသုံးမည်ဟု လိုင်းပေါ်တက်လိုက်သည်။သို့သော် ဖုန်းထဲစိတ်ကမရောက်။နေ့လည်က ကျောက်စည်မှာတွေ့ရသည့် ဟိုဘက်ခြံမှ ဗလတောင့်တောင့်ဘဲကြီးကိုသာ မြင်ယောင်နေသည်။တောင့်တင်းလှသည့် ရေစိုခန္ဓာကိုယ်ကြီးနှင့် ယောင်္ကျားပီသလှသည့်ရုပ်ချောချောကိုသာတွေးနေမိသည်။တွေးရင်းတွေးရင်း အာခြောက်လာတာနှင့် ရေထသောက်ရန် အိပ်ရာထဲမှထွက်လာခဲ့သည်။အိမ်ရောက်ထပ်ကိုရောက်တော့ အဘိုးရောအဘွားပါ အိပ်မောကျနေပြီဖြစ်သည်။ ရေအိုးမှ ရေသောက်ပြီး အပေါ့သွားရန် ခြံထဲရှိအိမ်သာဆီသို့ ဦးတည်လာခဲ့သည်။လက်နှိပ်ဓာတ်မီးထိုးရင်း သတိထားလျောက်နေရင်းမှ ခြံစပ်အရောက်‌တွင် ဟိုဘက်ခြံမှ အသံသဲ့သဲ့ကြားရသည်။တိတ်ဆိတ်နေသောပတ်ဝန်းကျင်တခွင်ကြောင့် ထိုအသံသည်ပို၍ပေါ်လွင်နေသည်။ပီတိ နေ့လည်ကတွေ့ခဲ့ရသော ထိုဘဲကြီးကို စိတ်ဝင်စားသည်ကြောင့်ရော စပ်စုချင်သည်ကြောင့်ပါ ခြံစည်းရိုးနားကိုကပ်ပြီးနားထောင်ကြည့်သည်။အသံသည်ပို၍သဲကွဲလာသည်။လူနှစ်ယောက်၏အသံ အော်သံလိုလို ညည်းသံလိုလိုနှင့်ဖြစ်သည်။ပီတိတစ်ယောက် အားမရတော့သည့် အဆုံးပျက်နေသော ခြံစည်းရိုးဝါးလုံးတန်းများကိုကျော်ခွကာ အသံလာရာ အခန်းဆီသို့ ခြေသံလုံလုံဖြင့်လျောက်လာခဲ့သည်။အနားရောက်လာသည်နှင့်တစ်ပြိုင်နက် အသံသည်ရှင်းလင်းပြတ်သားစွာ ထွက်ပေါ်လာသည်။ "အား အား ကောင်တယ် ကောင်းလိုက်တာ ထိတယ် အားအားဆောင့် ဆောင့်အကိုသိန်းထွန်း" ထိုအသံကား ရွာထဲမှ နတ်ကတော် ဖိုးလုံး‌ (ခေါ်) မယ်လုံး ၏အသံဖြစ်သည်။မယ်လုံးသည် နာမည်နှင့်လိုက်အောင်ပုပုလုံးလုံးနှင့်ဖြစ်သည်။အသားရောင် ညိုစိမ့်စိမ့်နှင့် ပုဆိုးကိုထမီလိုဝတ်ကာ အမြဲနွဲ့တဲ့တဲ့ နေတတ်သော ရွာထဲမှ အခြောက်မတစ်ယောက်လည်းဖြစ်သည်။ "အား ရှီး...အား ‌အား" ယောင်္ကျားတစ်ယောက်၏မာန်အပြည့်နှင့် ညည်းသံနှင့်အတူ အသက်ပြင်းပြင်းရှူသံကာ ပီတိတို့ အိမ်နောက်ခြံမှ ကိုသိန်းထွန်းဆိုသူ၏အသံဖြစ်သည်။ထိုရမက်ပြင်းပြင်း ညည်းသံများ အကြားတွင် တဖက်ဖက်နှင့် အသားချင်း ရိုက်သံများလည်း ကြားရသေးသည်။ အပြင်မှာတခါမှ မကြားဖူးသော အသံများကို နီးနီးကပ်ကပ် ရှင်းရှင်းလင်းလင်းကြားလိုက်ရသောပီတိတစ်ယောက်အံ့ဩသွားကာ ကြက်သီးများပင်ထလာသည်။ပီတိ မနေနိုင်တော့သည့် အဆုံးထရံပေါက်မှအထဲသို့ ချောင်းကြည့်လိုက်တော့... ဆက်ရန်... Crd; ပီတိ

Post a Comment

0 Comments